ကျွှန်တော်က Mr.Perfect မဟုတ်ပါဘူး။ မြန်မာစာ ရိုက်ရင်စာလုံးပေါင်းမှန်စေချင်တဲ့ ဆန္ဒနဲ့ပါ။ မြန်မာစာကို မြန်မာလူမျိုးက တန်ဖိုးထားမလေးစား မှတော့ ကြာရင်မလွယ်ဘူးဗျ။ စဉ်းစားကြည့်စေချင်ပါတယ်။

ငယ်ငယ်တုန်းက ငါ့အခန်းငယ်ထဲမှာ

အဘွားပြောတဲ့ အိပ်ရာဝင်ဒဏ္ဍာရီထဲက

ရွှေမင်းသမီးကိုရှာရင်းနဲ့ အိပ်မက်တွေ

လှပခဲ့ဘူးတယ်…


ဒီလိုနဲ့ ငါ့အခန်းကကျယ်လာခဲ့

ပုံပြင်တွေမကြားရတော့ပေမယ့်

အဘွားရဲ့ရွှေမင်းသမီးကို ရှာရင်းနဲ့

ညတွေလှပဆဲပါ…

လှိုင်ဦးမော်ရဲ့ နံပါတ် (၂) အယ်လ်ဘမ်

သီချင်းလေးတွေကောင်းပါတယ်

ကျွန်တော်အကြိုက်ဆုံးက Track3 (http://dewaing.googlepages.com/home)

နားထောင်ကြည့်ပါ


မေးခွန်းတွေကို မုန်းတဲ့ ငါ့အတွက်

မင်းက ပုစ္ဆာတစ်ပုဒ်…

အဖြေမလို တော့ပါဘူး

ဒီကောင်က ရှုံးနိမ့် ပြီးသားပါ

ကျေးဇူးပြု ပြီး

မင်းဝေဖန်မှု့တွေ ပိတ်ထားကြည့်ပါ

ငါ့အဖြေကို

မင်းနှလုံးသားက ခံစားမိလိမ့်မယ်….

ထောင့်ကျဉ်း အကြည့်တွေ ချဉ်တဲ့ငါ

မင်း အမြင်တွေအပေါ်

အော်ဂလီဆန်တယ်…

တစ်ဆိတ်လောက်

မင်းမျက်လုံးတွေ ပိတ်ထားကြည့်ပါ

ငါ့အကြောင်းကို

မင်းနှလုံးသားက ခံစားမိလိမ့်မယ်….

ချုပ်ချယ်မှုတွေ မကြိုက်တဲ့ ငါ့ရွက်တွေကို
မင်းကြိုး မတပ် ချင်ပါနဲ့…

လေစီးအတိုင်း မိုးကုပ်စက်ဝိုင်းအထိ

ငါလွင့်မျောချင် လို့ပါ

ကြိုးစားပြီး

မင်းအတ္တတွေကို ရေမှာမျောလိုက်

ငါ့ဆီကို

မင်းနှလုံးသား ကလမ်းပြလိမ့်မယ်….