မေးခွန်းတွေကို မုန်းတဲ့ ငါ့အတွက်

မင်းက ပုစ္ဆာတစ်ပုဒ်…

အဖြေမလို တော့ပါဘူး

ဒီကောင်က ရှုံးနိမ့် ပြီးသားပါ

ကျေးဇူးပြု ပြီး

မင်းဝေဖန်မှု့တွေ ပိတ်ထားကြည့်ပါ

ငါ့အဖြေကို

မင်းနှလုံးသားက ခံစားမိလိမ့်မယ်….

ထောင့်ကျဉ်း အကြည့်တွေ ချဉ်တဲ့ငါ

မင်း အမြင်တွေအပေါ်

အော်ဂလီဆန်တယ်…

တစ်ဆိတ်လောက်

မင်းမျက်လုံးတွေ ပိတ်ထားကြည့်ပါ

ငါ့အကြောင်းကို

မင်းနှလုံးသားက ခံစားမိလိမ့်မယ်….

ချုပ်ချယ်မှုတွေ မကြိုက်တဲ့ ငါ့ရွက်တွေကို
မင်းကြိုး မတပ် ချင်ပါနဲ့…

လေစီးအတိုင်း မိုးကုပ်စက်ဝိုင်းအထိ

ငါလွင့်မျောချင် လို့ပါ

ကြိုးစားပြီး

မင်းအတ္တတွေကို ရေမှာမျောလိုက်

ငါ့ဆီကို

မင်းနှလုံးသား ကလမ်းပြလိမ့်မယ်….

3 comments:

Anonymous said... 1:34 AM  

mite tel ako..!!

Anonymous said... 1:35 AM  

kyo zarr htar naw..keep updating..i will check them out !!

congrats on "birth"of your blog!
keep it up...
hope to see many new interesting posts..
but then..coz my pc doesn't have any burmese fonts..so i cant view most of ur posts..nevertheless..happy for u..on this day..to start blogging

Post a Comment