အသက်ရှု့ခြင်း

ချစ်ခြင်း

မုန်းခြင်း

လွမ်းခြင်း

သတိရခြင်း

တွေးခြင်း

မွန်းကျပ်ခြင်း

ပျော်ခြင်း

ဝမ်းနည်းခြင်း

အရာအားလုံးဟာ

လေးဖြူပြောသလို

ခဏလေးပါပဲ…



ခဏလေးတွေကြားထဲမှာ ရှင်သန်ရင်း

မင်းကို ခဏလေးပဲတွေ့လိုက်ရတယ်…

အဲဒီ အခိုက်အတန့်ကတော့

ငါ့အတွက်

တန်ဖိုးအရှိဆုံး ခဏလေးပါပဲ…


1 comments:

Anonymous said... 11:05 PM  

ကြည့်တဲ့သူက ခဏလေးပဲကြည့်လို့လားမှ မသိတာ ကိုဒီဝိုင်းရဲ့
ကဗျာလေးတွေ ပြန်တွေ့ရတာ တန်ဖိုးရှိလိုက်တာ

Post a Comment