မြို့ပြရဲ့

မျက်ရည်တွေစီးဆင်းနေတဲ့အခိုက်

လမ်းပျောက်တဲ့ သိုးမည်းတစ်ယောက်

ဟို.. ဒီ်.. လျှောက်သွားလို့..


အိမ် ဆိုတဲ့ဝေါဟာရ မထွန်းကားတဲ့

မွန်းကြပ်ခြင်း ယဉ်ကျေးမှုတွေထဲမှာ

ကျွန်တော် နေထိုင်တယ်..

မနူးညံတဲ့ မိုးတိမ်အတုတွေနဲ့

နေသားကျခဲ့ရပြီပေါ့..


ပျံသန်းလိုက်တော့လေ...

လှောင်အိမ်ဆိုတာ

ဘယ်တော့မှ ကျွန်တော်မပိုင်ဆိုင်လိုတဲ့

အရာဝတ္ထုတွေထဲက တစ်ခုပါ...


ခေါင်းနဲ့ပန်း ဘဝထဲမှာ

တစ်ခါတစ်လေတော့

ဗီလိန်ဆန်ဆန်လည်း

လွမ်းတတ်ခဲ့ပြန်ရ...

ကျွန်တော့် အတွက်တော့

ဘဝ ရိုက်ကွင်း

မချွတ်ယွင်းစေရပါဘူး...


စိတ်ရှိတိုင်း မိုက်ကန်းရင်း

ကောင်းကင်ဆိုတာလည်း

အကြိမ်ကြိမ် ဒူးနဲ့တိုက်မိ...

ထိခိုက်ရှနာတွေတော့

ရင်ဘတ်မြို့ရိုးအတိုင်း..

လိုက် ဝှက်ထားရင်းနဲ့...


သူမရဲ့... ကျောက်စာပုရပိုက်မှာ

အက္ခရာ တစ်လုံးအဖြစ်နေခွင့်ရရင်တောင်

ပြုံးပျော်နေမယ့် ကောင်ပေါ့..

ဒီထက်ပို မတောင်းဆိုချင်တော့...

မတောင်းဆိုသင့်တော့...


ပြည်ဖုံးကား ချလိုက်တဲ့လမင်းရေ..

နှင်းဆီတွေ ရှိုက်တိုင်း

နင့်ကို...

ငါ..

လွမ်းတယ်...

0 comments:

Post a Comment