အသက်ရှု့ခြင်း

ချစ်ခြင်း

မုန်းခြင်း

လွမ်းခြင်း

သတိရခြင်း

တွေးခြင်း

မွန်းကျပ်ခြင်း

ပျော်ခြင်း

ဝမ်းနည်းခြင်း

အရာအားလုံးဟာ

လေးဖြူပြောသလို

ခဏလေးပါပဲ…



ခဏလေးတွေကြားထဲမှာ ရှင်သန်ရင်း

မင်းကို ခဏလေးပဲတွေ့လိုက်ရတယ်…

အဲဒီ အခိုက်အတန့်ကတော့

ငါ့အတွက်

တန်ဖိုးအရှိဆုံး ခဏလေးပါပဲ…


မှောင်မိုက်နေတဲ့ညထဲ

နတ်သမီးတစ်ပါးရောက်ခဲ့

ဖြတ်ခနဲ ပါပဲ

ဘဝတစ်ခုလုံးလင်းလက်


သူ့ရောင်စဉ်တွေ

ယစ်မူးစွာ ရီဝေနေတုန်း

နှုတ်မဆက်ဘဲထွက်ခွာ

ငါ့ည

အမှောင်ဖုံး

အရှုံးတွေပါဘဲ….

မဖိတ်ခေါ်ဘဲနဲ့ ရောက်လာတဲ့ဘဝမှာ…

မနှင်ဘဲလည်း ငါပြန်ချင်ပြန်မှာပဲ…


ဘာလဲ ရှင်သန်ခြင်းသီအိုရီ

ငါ့အတွက် ဝိုင်တစ်ခွက်လောက်မှ

မချိုမြိန်ဘူး…


အစွန်းနှစ်ဘက်လွတ်ချင်တဲ့ကောင်

အရာအားလုံးကို လွှတ်ချထားတာပဲကောင်းတယ်…