စုန်းကိုက်သွားတဲ့…..ဝိဥာဉ်
အပုပ်ကောင်ရုပ်ဆောင်တဲ့
မင်းနဲ့ ကျမှ အဲအပုပ်ကောင်ကြီးက ရင်ဘတ်ထဲက ခံစားချက်တွေ ဖြစ်လာစေတတ်တာ
အပုပ်ကောင်ကြီးရဲ့ အပြုံးတစ်ပွင့်ကြောင့် ရူးသွားစေလောက်တာ မင်းမှ မသိဘဲ....
ဈာန်ရ ရသေ့တွေ ဈာန်လျှောရတာ
အပိုလို့ ထင်ခဲ့ဖူးတယ်။
ငါကိုယ်တိုင် ကျမှ ဖရိုဖရဲ…အဝီစိ ဆိုတာ ဒါကိုခေါ်တာလားမသိဘူး။
မိုက်မယ်ကွာ…ဆက်ပြီး
မင်းဆိုတဲ့ မီးနဲ့ အချစ်နတ်ဘုရားကို ပူဇော်မယ်။
ငါ့တစ်ကိုယ်လုံး ပူလိုက်….အေးလိုက်…..
စုန်းကိုက်တဲ့ ဒဏ်ရာဆိုတာ
အာဒမ်ရဲ့ ပန်းသီးပေါ်က ဒဏ်ရာလိုလား…
မသိဘူး…မင်းနှုတ်ခမ်းပေါ်က မနက်ဖြန်တွေကို ရှိုက်သုံးတော့မယ်။
စုန်းကိုက်ချင် ကိုက်ပစေတော့…
အစောကြီး အိပ်တော့မယ့် လမင်းရေ…
မနက်ဖြန်တိုင်း အေး…မြ….ချမ်း…မြေ့…ပါ….စေ…..
0 comments:
Post a Comment