မှော်ဝင်တဲ့ ကြယ်စင်

သင့်ထံကို မြုားတစ်စင်းပစ်လိုက်တယ်

ငါ့ကောင်းကင် လင်းလိုလင်းငြား။


အက်နေတဲ့ ရင်ခွင်မြစ်

သင့်ထံကို သံစဉ်လောင်းထည့်လိုက်တယ်

ငါ့ဝိဥာဉ် နိုးလိုနိုးငြား။


ဒဏ်ရာရ လွမ်းသစ်ပင်

သင့်ထံကို နေခြည်သွန်းလင်းလိုက်တယ်

ငါ့ရင်ခွင် ရှင်လိုရှင်ငြား။

5 comments:

Anonymous said... 5:12 PM  

ဆရာဒီဝိုင်း ကျွန်မဒီကဗျာလေးကြိုက်တယ်.. အက်နေတဲ့ရင်ခွင်မြစ်ထဲ သံစဉ်လောင်းထဲ့လိုက်တာ ကဗျာဆရာရဲ့ ၀ိညာဉ်နိုးဖို့လား၊

ဟုတ်တယ်ဗျ ဒါပေမဲ့ အိပ်နေဆဲပါပဲ

Anonymous said... 12:10 AM  

ဒီကဗျာလေးကြိုက်တယ် ။ တခုတော့နားမလည်ဘူး ... မြှားတွေပစ်ခွင်း ၊ သံစဉ်တွေလောင်းထည့် ၊ နေခြည်တွေသွန်းလင်းပြီးမှ ကဗျာဆရာက မလင်းဘူး ၊ မနိုးဘူး ၊ မရှင်းဘူးဆိုရင် တဖက်သားခံစားသွားရမှာပေါ့ ။ အလကားဒုက္ခပေးသလိုမဖြစ်ဘူးလား :) ထင်တာပြောကြည့်တာနော် ။

ကဗျာတစ်ပုဒ်ကို ဖတ်ပြီးလွတ်လပ်စွာ တွေးတောခွင့်ရှိပါတယ်ဗျာ…
ကဗျာဆရာရဲ့ စကားလုံးရွေးချယ်သုံးနှုန်းပုံ၊ စာပိုဒ်ဖွဲ့စည်းပုံ ပေါ်မူတည်ပြီး ဖတ်သူ ကိုခံစားစေနိုင်ရင်၊ ခံစားမှုရသ တစ်ခုပေးစွမ်းနိုင်ရင် ကျေနပ်ပါပြီ။ ကဗျာမှာ အမှား၊ အမှန်မရှိပါဘူး။ စာဖတ်သူရဲ့ အတွေး၊ အမြင် ရသ တစ်ခု ကသူစကားလုံးတွေပေါ်မှာ ဘယ်လို အဓိပ္ပယ် ပြန်လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။
ဒီကဗျာမှာ ကကျွန်တော့်ခံစားမှုကို ရေးဖွဲ့ထားတာပါ။ တစ်ဖက်လူမပါ ပါဘူး။

ဒီ ကဗျာကို လောလောဆယ် အကြိုက်ဆုံးပဲ =)

Post a Comment