ကုန်းကောက်စရာ အိပ်မက်နဲ့

အလကားရတဲ့ အောက်ဆီဂျင်ကိုရှုရင်း

ရင်ဘတ်အဟောင်းတစ်ခုနဲ့

ခရီးထွက်ခဲ့…


တွေ့ခဲ့ရတဲ့ အယ်နီညိုး

သိုးခဲ့ရတဲ့ နေ့တွေ

ဖာရင်ဟိုက်တွေ တဒီးဒီး…


ပြတင်းပေါက်က နွေဦးတောင်

ဥသြဆီ ရောက်လောက်ပေါ့

ငါ့ဝင်ရိုးမှာ မိုးခြိမ်းတုန်း…


ဒီအချိန်ဆို ပုရစ်ဖူးတွေဝေရော့မယ်

ဒဏ်ရာရ ရွက်ဝါတွေက

နှုတ်ဆက်

ကဲ… ငါလည်း

အချိန်ရှိတုန်း

ရေဘူးလွယ် ဖိနပ်စီး

သုညတစ်လုံး ပိုက်ပြီး

ဆက်လျှောက်လိုက်ဦးမယ်…

0 comments:

Post a Comment