မိုးညရဲ့အော်သံတွေကို ရထားပေါ်ကကြားရတယ်။

အလို….

စွန့်ပစ်ခံ ကလေးတစ်ယောက်ရဲ့ ငိုသံ လိုပါလား…

အချစ်ခံ ကလေးတစ်ယောက်ရဲ့ ဂျစ်တိုက်သံ လိုပါလား…


အမှောင်ကျခံ လူတစ်ယောက်ရဲ့ သက်ပြင်းချသံလိုပါလား…

နေပူခံ လူတစ်ယောက်ရဲ့ ညည်းတွားသံ လိုပါလား…


ထိုးကြိတ်ခံ သင်းကွဲရဲ့ ညည်းညူသံ လိုပါလား…

လှောင်ပြောင်သူ လူတစ်စုရဲ့ ရယ်မောသံ လိုပါလား…


ဖိနှိပ်ခံ လူတန်းစားရဲ့ တောက်ခေါက်သံလိုပါလား…

နိုင်ထက်စီးနင်း ပေါက်လိုက်တဲ့ ခွာသံလိုပါလား…


ဆင်းရဲသားတစ်ယောက်ရဲ့ လေချွန် သံလိုပါလား…

ဇိမ်ခံ သူဌေးတစ်ယောက်ရဲ့ လောဘ သံလိုပါလား…


အသည်းခွဲသူ လူတစ်ယောက်ရဲ့ ပျော်မြူးသံ လိုပါလား…

အသည်းကွဲ လူတစ်ယောက်ရဲ့ အက်ကွဲသံ လိုပါလား…


ကြားနေရတယ်

ရထားပေါ်ကနေ အတိုင်းသားကြားနေရတယ်….

3 comments:

ရှင်းရှင်းပြောရရင်တော့ ဒီထဲမှာရှိတဲ့ ကဗျာတွေ အကုန်လုံးကို ကြိုက်တာ-
အားရင် ကိုစက် ကိုလည်း အသက်သွင်းပေး ပါဦးဗျို့-
ဟိုမှာ စက်ဂျီးပိတ် တော့မယ်- :)

Anonymous said... 7:10 PM  

ဒီကဗျာလေးလဲကောင်း၏

အားပေးတာကျေးဇူးပါဗျာ… :D
ကိုစက်ကိုလည်း အသက်သွင်းမှာပါ…
လောလောဆယ် ချောဆီဈေးတွေ တက်နေလို့ဗျို့

Post a Comment