တစ်စင်းပြီးတစ်စင်း

ဆိုက်ကပ်

ထွက်ခွာ

သြော်…..

ငါ့ဘူတာအိုတောင်

အသက်ရနေပြီ။


မင်းကတော့ ပြေးလွှားဆဲ

ဘူတာတွေ့တိုင်း ဆိုက်မယ်ဆိုတဲ့

အတွေးနဲ့....


ကပ်ချင်ကပ် ခွာချင်ခွာ

အားလုံးမင်းသဘောပါ

ဒါပေမယ့်

ငါ့အဖြူရောင် ဘူတာ

မစွန်းထင်းပါစေနဲ့။


အတိတ်၊

ပစ္စုပ္ပန်၊

အနာဂတ်၊

အနိုင်၊ အရှုံး

အားလုံး ဒီသံလမ်းပေါ်မှာပြေးလွှား

မျက်လှည့်ပြသလိုပါလား....


မင်းနောက်ကျောမှာ

မှတ်တိုင်တွေ ကြက်ခြေခတ်တွေချန်ခဲ့

အချိန်တန်ရင်တော အေးမြတဲ့ဘူတာမှာ

မင်း...မှေးစက်နိုင်ပါစေ။


အဆုံးမရှိတဲ့

ဒီမျဉ်းပြိုင်တွေပေါ်မှာ

ဝိဥာဉ်မခမ်းသရွေ့

ဆက်ခုတ်နေဦးပေါ့။

4 comments:

Anonymous said... 10:09 AM  

ဒီဝိုင်းရေ... နောက်ဆုံးကဗျာနှစ်ပုဒ်ကြိုက်တယ် ။ အထူးသဖြင့် ဘူတာနဲ့ရထား ။ ကောင်း၏ ။ ဆက်ရေး ။ ဒါနဲ့ ဘူတာနဲ့ရထား ပို့စ်ဒ်ဘေးက ပုံလေးက ဘယ်ကရလဲ ။ ကြိုက်လို့ ။

Anonymous said... 12:28 PM  

အချိန်တန်ရင် အေးမြတဲ့ အဲဒီအဖြူရောင် ဘူတာတွင် ထိုရထား ဆိုက်ရောက်နိုင်ပါစေ..လို့  ရထားအတွက်ကော ဘူတာအတွက်ပါ ဆုတောင်းပေးလိုက်ပါ၏ :D

ဘူတာကြီးကို ရထားကပြန်ပြောတယ် တဲ့ ခင်ဗျားက ရပ်ပြီးအေးဆေးလေးနေရတာ ကျုပ်ကသံလမ်းကြီးကို ခွပြီး လျှောက်ပြေးနေရတာ လို့ -ဟီး- အဲ့လိုဖတ်ဘူးတယ်လို့ ပြောတာပါ- :P

haha..thanks for all of ur comments..

Post a Comment