မနေ့ညကပေါ့… သူမနဲ့အတူ
မြို့ပြရဲ့လမ်းတွေပေါ် လျှောက်သွားတယ်
အိမ်ပြန်ချိန်
လကလည်းသာလို့….
ဒါပေမယ့် လေထဲမှာလေ။
အသံသာလေးရယ်…
ငါတိမ်းညွတ်နေလို့ပါ
မီးဆိုလည်း ငါဝင်တိုးတော့မယ်
တစ်ဘဝစာ
လောင်ကျွမ်း ပြာကျ….
ငါ ပျောက်ဆုံးသွားမှအေးမယ်။
မသိစိတ်က မဖြစ်နိုင်မှန်းသိနေလည်း
ငါ အတိတ်မေ့ချင်ခဲ့တဲ့ကောင်ပါ
အိပ်ချင်တဲ့နေရာဟာ ငါ့မွေ့ယာပဲပေါ့။
ဘာကိုမှဂရုမစိုက်တတ်တဲ့ကောင်
လေထဲကအနမ်းတွေတောင် လိုက်ဖမ်းနေတတ်ပြီ။
ဒါနဲ့ဆို အားလုံးပေါင်းနှစ်ပွင့်သော အနမ်း
ဒီရင်မှာ နွမ်းနေရပြီ။
ဒီလိုနဲ့ပဲ
လေထဲကလရိပ် ကိုဖမ်းတဲ့
ငါ…
ခေတ်သစ် ငမိုက်သားလား?
3 comments:
ဒီကဗျာလေး ကျွန်မကဗျာဘလော့ဂ်တွက် ယူသွားပြီနော် ကိုဒီဝိုင်း
အဲ .. ဒီကဗျာကို မင်းခိုက်စိုးစန် ရေးတယ်မှတ်နေတာ ။ အရမ်းကြိုက်တယ် ဒီဝိုင်း ။ တကယ့်ဆရာကြီးရေးသလိုပဲး)
အောင်မငှီးဗျာ… မနှိုင်းကောင်း နှိုင်းကောင်း
Post a Comment