အငှားဆိုင်က ဂုဏ်တွေကိုအရေခြုံ

အပြုံးတုတွေဆင်မြန်း

လျှာဖျား ပဋိသန္ဓာရ တွေနဲ့

ခန်းမထဲကိုဝင်…


အထဲမှာ…

ပလတ်စတစ် ပန်းရနံ့တွေရှိတယ်၊

လုပ်ယူထားတဲ့ နေရောင်ခြည်ဖျော့ဖျော့ရှိတယ်၊

အဖြူညစ်ညစ်တွေက ဝါးမြိုထားတဲ့

အညှိတက်နေတဲ့ ကုလားထိုင်၊

ဓားခုတ်ရာတင်းကြမ်း မျက်နှာနဲ့

စားပွဲတွေ…

အပေါ်မှာ ခေါက်ရိုးကျိုး ဓားစာခံတွေ

အစီအရီနဲ့ သေဒဏ်ပေး ထားတယ်။


ကဲ…လူစုံပြီလား

ဒီညရဲ့ VIP ကိုပွဲသွင်းတော့မယ်

အလင်းရောင်ကိုမှိန်

ရိုးအီနေတဲ့ မင်္ဂလာတေးသွားကို

Speaker အိုတွေကထမ်းထုတ်

ဟော..လှုပ်တုပ်လှုပ်တုပ်

စက်ရုပ် ခြေလှမ်းတွေနဲ့

လက်ချင်းချိတ်လို့

မင်သေသေနဲ့ ဝင်လာပါပြီ

ထိပ်ဆုံးက ဓါးစာခံတွေဆီ…


ဟား.. ဒါလားကွလက်ထပ်ထိမ်းမြားခြင်း

မဆီမဆိုင် ကိတ် ကိုဓါးနဲ့ခွဲ

ရှန်ပိန်ပုလင်းကို လည်ပင်းညှစ်

ခွက်တွေထဲ သွတ်သွင်း

Yum-Sein လုပ်ကြရင်း

ကျေးဇူးတင် စကားရွတ်ဖတ်

အဆီ အအိမ့်တွေစား

အနီရောင်တွေမြိုချ

တော်တော်ပျင်းဖို့ ကောင်းတဲ့ည

ပြီးတော့လည်း ပြီးသွားတာပါပဲ….



အိပ်မက်မှာတင်ဘူးတဲ့ ကဗျာလေးတစ်ပုဒ်ပါ…

2 comments:

Anonymous said... 5:58 PM  

ဒီဝိုင်းရေ.. ဒီကဗျာကို အိပ်မက်မှာတွေ့ တည်းက ကြိုက်နေတာ ။ အဲဒီ မင်္ဂလာဆောင်တွေ သွားတိုင်း အဲဒါတွေလုပ်ရတာ ငြီးငွေ့ လွန်းလို့ ။

ဒါနဲ့.. ဘယ်လိုလဲ.. အားလုံးအဆင်ပြေလား ။ ရာဟူးမှာ အကျိုးအကြောင်းပြောပါဦး ။

haa .. this one rox^.^

Post a Comment