ကောင်းကင်ရဲ့ ရနံ့သစ်နောက်လိုက်ရင်းနဲ့

ငါကိုယ်တိုင်

မြစ်ကျိုးအင်းတစ်ခု

ဖြစ်ခဲ့ဘူးရဲ့...

မျက်နှာပြင် အတက်အကျတွေလည်း ကြမ်းခဲ့ဘူးတယ်..


ဖျက်ပိုးတွေမထိအောင်

ဥယျာဉ်မှုးရဲ့ မျှော်လင့်ခြင်းမျိုးနဲ့

ပျိုးခဲ့တဲ့ နှင်းဆီရေ...

မင်းရဲ့ အကြောင်းပြချက်တွေအောက်မှာ

ငါ.....

ဆူးစူးခဲ့ရပြီလား?


ဥသြသံတွေ အိပ်ကပ်ထဲထည့်ရင်း

အကျွန့်နွေဦးတွေ နှစ်မြို့တိုင်တိုင်

လှိုင်ခဲ့ရပေါ့..

တစ်ချို့ အိပ်မက်တွေက အိပ်မောကျလျက်..

တစ်ချို့လည်း ရုပ်ကြွင်းအဖြစ်နဲ့ အိပ်မောကျဆဲပဲ..


မုတ်သုန်က ခေါင်မိုးကို

ခုန် ခုန် ပြီး နမ်းချိန်မှာတော့

ကျွန်တော့် ရေတံလျှောက်လည်း

ရေငတ်တတ်လာပြီလေ...


ဆပ်ပြာဖူဖောင်းတွေခိုစီး

လူ့ဝိနည်း မညီဘူးလို့မပြောပါနဲ့

မျက်နှာဖုံးတွေမရှိတဲ့

ပွဲတော်တွေဆို ကျွန်တော့်ကိုခေါ်ပါ...

ရောင်စုံလိပ်ပြာတွေကိုလည်း ပြောလိုက်ပါ့မယ်...

ရနံ့မဲ့နာရီတစ်လုံးနဲ့

အသစ်ကျပ်ချွတ်မနက်ခင်းတစ်ခုလည်း လက်ဆောင်ပေးပါ့မယ်...

........

........

ဒီလိုနဲ့ပေါ့

ဒီလိုနဲ့ပေါ့..

ဆင်ခြေဖုံးက

အလင်းဆိုင်လေးလည်း

တိ တ် ဆိ တ် ကြေ ကွဲ....

မြို့ရိုး တံခါးနှစ်ချပ်

ဟင်းလင်းဖွင့်ထားဆဲပဲပေါ့..

0 comments:

Post a Comment