အသံကြားရုံနဲ့တင်

အဖြူရောင်တွေ တဖွဲဖွဲဝဲလွင့်ကြလာ

အာရုံခံအစိတ်အပိုင်းတွေ

ဖြူစင်လင်းပ လာကြတယ်...


ဂယောက်ဂယက် အိပ်မက်တွေနောက်

မုဆိုးတစ်ယောက်လို

အိတ်ပေါက်နဲ့ဖားကောက်လိုက်ရင်း

စီးမျောခဲ့တဲ့ ခြေရာဟောင်းတွေ

မပိုင်ဆိုင်လိုက်ရတဲ့ ရယူလိုခြင်းတွေ

ဝေဝါးလာခဲ့ရ

၃၆၅ နေ့သစ်များ

စတင်ရတော့မယ်...


နေ့တွေက ညတွေထဲစီးမျောရင်း

ညတွေက နေ့တွေကိုမော်ဖူးရင်း

ရွက်သစ်တွေက ရွက်ဟောင်းတွေခြွေခြရင်း

ပွဲတော်အသစ်တွေက ပွဲတော်အဟောင်းတွေကို ကပြရင်း

မနုဿတွေရဲ့ ချင် ခြင်း သားကောင်များ

မျက်နှာဖုံးတွေနဲ့ အန္ဓများ

မျောလွင့်နေဆဲပဲ..


ကျွန်တော့်ဆောင်းကတော့

အေးဆေးတည်ငြိမ်လွန်းစွာနဲ့

သူမဝတ်ရုံထဲက နှင်းတွေခြွေချ

လှပလွန်းစွာ

တောက်ပနေလိုက်ပုံများ

ဗလာကောင်းကင်တစ်ခွင်လုံး

ဖြူမှိုင်းနေလေရဲ့....

1 comments:

Anonymous said... 9:06 PM  

ဟုတ်တယ်နော်...ဆောင်းလို့ကြားတာနဲ့ အာရုံထဲ ဆောင်းငွေ့တွေ တန်းပေါ်လာတယ်..။

Post a Comment