ပူလောင်လွန်းတဲ့လမ်းများ ငါလေလျှောက်ဆဲပဲ

ဖန်တစ်ရာတေတဲ့ သီချင်းတစ်ပုဒ်ဆိုညည်းရင်းနဲ့

အာဃာတနဲ့ဒေါသ ငါလေလျှော့ဆဲပဲ

ဘယ်အရာမှ မမြဲတဲ့ဒီလောကထဲ…


ဂျစ်ပဆီနေ့ရက်များထဲ ငါလေပျော်ဆဲပဲ

ဘယ်အရာမှ အမြဲတမ်းကြိုတွေးမရခဲ့

တရားသေနဲ့ အတ္တလူတွေကိုင်စွဲမြဲ

သမရိုးကျလမ်းဟောင်းကနေ ဖောက်ထွက်ခဲ့…


ဘယ်မှာ အလင်းတွေရှိမလဲ ဘယ်မှာ ကမ်းခြေရှိမလဲ

ရှေ့ကလမ်းတွေဝေဝါးဆဲ

ဘယ်မှာ အနှစ်တွေရှိမလဲ ဘယ်မှာ အချစ်တွေရှိမလဲ

အသပြာနောက်လိုက်တဲ့ ဒီလောကထဲ…

ဘယ်အရာမှ အစစ်မရှိတဲ့ လောကထဲ…


တေလေရွက်လှေတစ်စင်းပေါ့ ဒီပင်လယ်ကြီးထဲ

လေကိုဆန်ဆဲ အားမာန်များနဲ့ ရုန်းထွက်ခဲ့

ဒီမုန်တိုင်းတွေကြမ်းလဲ ငါဟာအံတုဆဲ

ဆော်လမွန်တွေရဲ့ အားမာန်များနဲ့ စိတ်ဓာတ်ရယ်…


သီချင်းအကြမ်း


မှော်ဝင်တဲ့ ကြယ်စင်

သင့်ထံကို မြုားတစ်စင်းပစ်လိုက်တယ်

ငါ့ကောင်းကင် လင်းလိုလင်းငြား။


အက်နေတဲ့ ရင်ခွင်မြစ်

သင့်ထံကို သံစဉ်လောင်းထည့်လိုက်တယ်

ငါ့ဝိဥာဉ် နိုးလိုနိုးငြား။


ဒဏ်ရာရ လွမ်းသစ်ပင်

သင့်ထံကို နေခြည်သွန်းလင်းလိုက်တယ်

ငါ့ရင်ခွင် ရှင်လိုရှင်ငြား။

ကုန်းကောက်စရာ အိပ်မက်နဲ့

အလကားရတဲ့ အောက်ဆီဂျင်ကိုရှုရင်း

ရင်ဘတ်အဟောင်းတစ်ခုနဲ့

ခရီးထွက်ခဲ့…


တွေ့ခဲ့ရတဲ့ အယ်နီညိုး

သိုးခဲ့ရတဲ့ နေ့တွေ

ဖာရင်ဟိုက်တွေ တဒီးဒီး…


ပြတင်းပေါက်က နွေဦးတောင်

ဥသြဆီ ရောက်လောက်ပေါ့

ငါ့ဝင်ရိုးမှာ မိုးခြိမ်းတုန်း…


ဒီအချိန်ဆို ပုရစ်ဖူးတွေဝေရော့မယ်

ဒဏ်ရာရ ရွက်ဝါတွေက

နှုတ်ဆက်

ကဲ… ငါလည်း

အချိန်ရှိတုန်း

ရေဘူးလွယ် ဖိနပ်စီး

သုညတစ်လုံး ပိုက်ပြီး

ဆက်လျှောက်လိုက်ဦးမယ်…