မယုံရင်…ပုံပြင်လို့မှတ်
ရောင်စုံလိပ်ပြာတစ်ကောင်ဟာ
ချောကျိကျိ ခူကောင်တစ်ကောင်က
စခဲ့တယ်…
မယုံရင်…ပုံပြင်လို့မှတ်
လိပ်က ယုန်ကို နိုင်အောင်ပြေးဘူးခဲ့..
မယုံရင်…ပုံပြင်လို့မှတ်
ခရုငယ်က မပုကြွယ်ကို စာကူကျက်ပေးခဲ့တယ်..
မယုံရင်…ပုံပြင်လို့မှတ်
ဟင်္သာတွေက ဇာတ်တူသားစားကြတယ်..
(ကျွန်တော့်အာရုံထဲမှာ ဟင်္သာတွေက လူတွေဖြစ်သွား)
မယုံရင်…ပုံပြင်လို့မှတ်
ဒုတိယကမ္ဘာစစ်
လူမျိုးကြီးဝါဒက
အစပြုခဲ့တယ်…
မယုံရင်…ပုံပြင်လို့မှတ်
ဂူဂယ်လ်အတ်က
ခင်ဗျား အိမ်ခေါင်မိုးကို
လှမ်းကြည့်လို့ရတယ်…
မယုံရင်…ပုံပြင်လို့မှတ်
ထရိုဂျန်တစ်ကောင်က
ထရွိုင်မြို့ကို ဝင်သိမ်းခဲ့တယ်..
မယုံရင်…ပုံပြင်လို့မှတ်
ကျည်ပွေ့အတက်ပေါက်ခဲ့
(ဦးနှောက်တစ်ချို့ ဝမ်းနုတ်လို့ကောင်းတုန်း)
မယုံရင်…ပုံပြင်လို့မှတ်
အရှေ့တောင်အာရှမှာ
အာအိုင်တီ နာမည်ရဘူးခဲ့တယ်…
မယုံရင်…ပုံပြင်လို့မှတ်
Zombie မလေးတစ်ယောက်ကို
အိပ်မက်အချို့နဲ့အတူ
အတောင်ပံတပ်ပေးခဲ့တယ်..
(အဲဒီနေ့ကစပြီး
ကျုပ်ဆီပျံမလာကြတော့ပါ)…
1 comments:
RIT အထိကတော့ ပုံပြင်မဟုတ်လို့  ယုံတယ်..။
အောက်ဆုံးက အတောင်တပ်တဲ့ ကိစ္စကတော့ သိဘူးလေ ... ပုံပြင်လို့  မှတ်ရမှာလား..။
Post a Comment