Jul
26

တစ်ကယ်လို့

ကမ္ဘာမြေကြီးသာ

ငိုတတ်ခဲ့မယ်ဆိုရင်

သမုဒ္ဒရာတွေက

မျက်ရည်စတွေဖြစ်လောက်ရဲ့


လေလှိုင်းတမန်တော်တွေရယ်

ကျွန်တော့်ရင်ခတ်သံကို

သဘောကောင်းစွာ

ဆောင်ကြဉ်းပေးလှည့်ပါဦး..


နတ်ဘုရားပျိုမရေ..

ငါ့ ဝတ်ကျောင်းအို နံရံပေါ်က

ဒဏ်ရာရ ရုပ်ပုံပန်းချီကားတွေကို

ခေါင်းလောင်းလုပ်ပြီး တီးကြည့်စမ်းပါ

မင်းနာမည်အော်ခေါ်သံတွေ

ပဲ့တင်ထပ်နေလိမ့်မယ်...


မလိုက်ပါရစေနဲ့

တိမ်တောင်ပိရမစ်တွေထဲက

မင်းပုံတူ ရုပ်လုံးရုပ်ကြွ တွေက

တီးတိုးလှမ်းခေါ်နေတယ်…

ကျွန်တော် မလိုက်ပါရစေနဲ့


ဒီလိုနဲ့ ရွှက်လွှင့်ခဲ့တဲ့

ရာသီလှေတွေနဲ့အတူ

ဆောင်းမြို့တော်ရဲ့

အလင်းမဲ့ ဆင်ခြေဖုန်းတစ်နေရာမှာ

အလွမ်းငွေ့တွေပိုက်လို့

ငါတစ်ယောက်တည်းသာ

တိတ်တိတ်ဆိတ်ဆိတ်

မိုက်နေပါရစေ…

1 comments:

Anonymous said... 10:59 AM  

လိမ္မာပါတော့ မောင်ဒီဝိုင်း :D

Post a Comment