ငါ့အလောင်းကို
ခြောက်ထပ်ဆွဲချ
မိုးသည်းညဆိုတာ
ဘီလူးကကြိုးတွေပါ။
ခတ်တိုင်းလည်း
အိုး..မကောင်းနိုင်ဘူး
ပွင့်ခဲ့ပေါ့ငါ့ရင်
မင်းကတော့
မြင်ချင်မှမြင်မှာ။
ပဉ္စလက်ဆန်
မင်းအပြုံးတွေကြား
ငါ့ဝိဥာဉ်ခိုနားနေတုန်း
ဗြုန်း…ဆို
ဘီလူးဆိုင်းတီးခဲ့ပြန်ပေါ့။
စေလိုရာညွှန်
ထားလိုရာထား
မင်းကြိုးဆွဲတိုင်းကမယ့်
ငါ....
ရုပ်သေး မဟုတ်ဘူး။
လွတ်မြောက်စွာ
ပျံသန်းချင်လို့
မင်းဆိုတာ ငါ့မြေပုံပေါ်
ဂူသွင်းခဲ့ပါရစေ။
ဒီကဗျာက အချုပ်ခံရလွန်းတဲ့ ပတ်ဝန်းကျင်က သူငယ်ချင်းတွေကိုယ်စားပါ။
0 comments:
Post a Comment