ဘယ်လိုလဲတဲ့

ကမ်းစပ်သစ်ပင်က ရေစီးသန်တဲ့မြစ်ကိုမေးတယ်

ခင်ဗျားက အငြိမ်ကိုမနေနိုင်ဘူးလားတဲ့

မြစ်ကအဖြေပေးတဲ့အနေနဲ့ သစ်ပင်ကိုတိုက်စားသွားတယ်……


ဘယ်လိုလဲတဲ့

မြစ်က ပင်လယ်ကိုမေးတယ်

ခင်ဗျားက ပင်ပန်းလိုက်တာ ရေတွေအများကြီး ထမ်းထားတာပဲတဲ့

ဒါပေမယ့် မြစ်ကပဲ ပင်လယ်ထဲကို စီးဝင်လိုက်ရတယ်…….


ဘယ်လိုလဲတဲ့

ပင်လယ်ကြီးက ကောင်းကင်ကြီးကိုမေးတယ်

ခင်ဗျားကြည့်ရတာပင်ပန်းလိုက်တာ တိမ်မည်းတွေချည်းပဲတဲ့

ကောင်ကင်ကြီးက အဖြေပေးတဲ့အနေနဲ့ မုန်တိုင်းဆင်ပြီး ပင်လယ်ကိုလှိုင်းကြီးစေလိုက်တယ်…..


ဘယ်လိုလဲတဲ့

မုန်တိုင်းက သင်္ဘောသားကိုမေးတယ်

မင်းကငါ့ကို မကြောက်ဘူးလားတဲ့

ဒါပေမယ့် သင်္ဘောကြီးက မုန်တိုင်းကိုဥာဏ်ဆင်ပြီး ရှောင်ကွင်းနိုင်ခဲ့တယ်.......


ဘယ်လိုလဲတဲ့

သင်္ဘောသားက ကမ်းစပ်ကသစ်ပင်ကိုမေးတယ်

ခင်ဗျားကြည့်ရတာပျင်းဖို့ကောင်းလိုက်တာ ငြိမ်နေတာပဲတဲ့

ဒါပေမယ့်လည်း သူပဲအရိပ်ကောင်းတဲ့ သစ်ပင်ခြေရင်းမှာ မောမောနဲ့အိပ်ပျော်သွားလေရဲ့……

0 comments:

Post a Comment