မင်းကအနောက်အရပ်ဆို

ငါကအရှေ့အရပ် ဒီလိုနဲ့

တို့နှစ်ယောက်ဘဝ

ဒီမြေပေါ်မှာတင်

နေထွက်နေဝင် လွဲခဲ့တာကြာပြီ။


ငါလက်နှစ်ဘက် ဆန့်ထုတ်ထားလည်း

ရွှေလင်ဗန်းက ရောက်မလာဘူး..

ဝိုင်တစ်ခွက် ဂစ်တာတစ်လက်နဲ့ပဲ

အရုဏ်တက်တော့မယ်။


မင်းပြိုမှာကြောက်တဲ့ “ငါ”

ယုန်တစ်ကောင်ပါ

မင်း မငြိုလိုက်ပါနဲ့၊

ငါ့ညမှာတော့

ကဝေသံညံနေတုန်းပဲ။

3 comments:

Anonymous said... 6:14 PM  

:)

Anonymous said... 12:28 AM  

ကောင်းတယ် ။ မြေပြင်ပေါ်မှာ နေ၀င် နေထွက် မလွဲအောင် မအိပ်ပဲနေကြပေါ့ ဟီဟီ ။ ပထမစာပိုဒ်ကို အကြိုက်ဆုံးပဲ ။

မအိပ်ပဲနေတော့ အားမရှိပဲနေမှာပေါ့ :D

Post a Comment