မင်းခိုက်စိုးစန် ရဲ့ ကျွန်တော်ကြိုက်သော…..
ဂျစ်ပဆီ
ကိုယ့်လက်ခုပ်ထဲပြန်ကြည့်မိတော့မှ
အလွမ်းက တစ်ပွင့် နှစ်ပွင့်…..နဲ့ခြောက်ကပ်
ငါ….ရေငတ်လာတယ်။
တေလေလို ရွက်လွှင့်နေခဲ့ရာက
ငါ့ဝိဥာဉ်ရဲ့ကျောက်ဆူးကိုချ
ဒီညတော့
မင်းရင်ခွင်ထဲမှာပဲ စိတ်ချလက်ချ
….အိပ်စက်ပါရစေ။
ကောင်မလေးရယ်
ငါက ဖျားနာမှုကိုမှ တွယ်တာတတ်သူပါ…။
တစ်စုံတစ်ခုဖြစ်လာမှာကို ငါစောင့်မျှော်နေမိ၊
….တံခါးဖွင့်သံ
….ခြေသံ
လာ၊ မြန်မြန်သာ ဝင်ခဲ့ပါတော့။
လူ ၈၀% ကအလုပ်လုပ်တယ်၊
ဒါပေမယ့်၊ ကျန်တဲ့လူ ၂၀%က ဆုရတယ်
ငါကတော့
သူတို့ကို ရယ်ရယ်မောမောနဲ့သာ ထိုင်ကြည့်မိ
သွေးအေးအေး ရက်စွဲတွေကိုသာ အသိအကျွမ်းဖွဲ့နေခဲ့တယ်….။
ကောင်မလေးရယ် ... ငါဟာ “တေလေ” ပါ။
ဆောင်းဦးပေါက်နှင်းတွေနဲ့
ကောင်းကင်မှာ တိမ်တွေက အပြာနုနု
ဟော …
အရပ်ပုပု ကောင်မလေးတစ်ယောက် လမ်းလျှောက်လာနေတယ်၊
အို…မဟုတ်သေးပါဘူး
ကယောင်ကတမ်းနဲ့ အရောင်ကန်းတဲ့ အိပ်မက်တွေ ငါမက်နေမိ၊
ချစ်လှစွာသော… ငါရဲ့ညီမသေးသေးလေးရေ
… လွမ်းတယ်၊
… ဒါပဲ တတ်နိုင်တာမို့ လွမ်းပါရစေ။
2 comments:
ဒီဝိုင်းရေ.. မင်းခိုက်စိုးစန် ၂ပုဒ်လုံးကို မဟားတရားကြိုက်တယ်း)
မဂျစ် နောက်တစ်ပုဒ်က ဘယ်မှာလဲ? ကျွန်တော်တစ်ပုဒ်ပဲတင်ထားတာလေ…
Post a Comment