သမုဒ္ဒရာဝမ်းတစ်ထွာအတွက်
အကြောင်းကြောင်းအတွက်
သူမ ပုံးဖာမှောက်ဆင်
ဘဝတူတွေနှင့်
မီးရောင်စုံအောက်ကို ဝင်ရချေပြီ။
ကာလသားတို့
ဘာသာစကားအမျိုးမျိုးနဲ့
တဏှာဂျိုးကပ်ကာ
သူမဘဝကို တန်ဖိုးဖြတ်ကြလေ၏။
ထောင်နှုတ်ခမ်းကိုနင်း
အလှပန်းကိုရင်းကာ
သူမ ဘဝနွမ်းရင့်နေပြီ။
သို့သော်
ငွေရှာမှုဆိုသည့် ခေါင်းစဉ်အောက်မှာ
သူမ ညဆိုရင်ပျော်
ဘဝဆိုတာကို အော်ရီတတ်ခဲ့ပြီ။
2 comments:
အတွေးလေးအလွန်ကောင်းပါသည်။ စာနာတတ်တဲ့ အရိပ်အယောင်တွေလဲ တွေ့ရပါသည်။
ဟုတ်ပါ့ အဲဒါလဲ ဘသဘဲ
Post a Comment