တဖြောက်ဖြောက်နဲ့ …..

မသိစိတ်ထဲ သူမဝင်ရောက်ခဲ့၊

အစက်အပျောက်တွေကြား

ငါ့..ခန္ဓာ ပျောက်ဆုံးခဲ့တယ်။


တိမ်ငိုသံလား….

သဘာဝရှိုက်သံလား…

သေချာတာက

ငါကိုယ်တိုင် ရွာချလိုက်မိတယ်။


လွမ်းစရာမရှိတဲ့ ဘဝမှာ

လွမ်းခွင့်မပေးသူကိုဘဲ

မိုးစက်တွေနဲ့အတူ

အဖြူထည်ပဲလွမ်းတယ်။


မိုးရွာရင် အရင်ကဆိုပျော်မြူး

အခုတော့ ငါ့နှလုံးသားစူးခနဲ၊

ကောင်မလေးရယ်….

မိုးရေထဲမှာငါ…

မရူးပါရစေနဲ့။

မိုးရွာလို့ ပျော်နေသူတွေရှိသလို၊

ထီးမပါလို့ ငိုချင်သူတွေလည်းရှိမယ်။

သေချာတာက

ငါ့လိုပဲ

သူဘာသူ စီးဆင်းနေမှာ။


မိုးရေထဲမှာ….

ဘဝနဲ့ ဖက်နေသူတွေရှိသလို၊

ယစ်မူးခြင်းနဲ့ ဖက်နေသူတွေလည်းရှိတယ်။

ငါကတော့….

မျှော်လင့်ခြင်းဆိုတာပဲ ဖက်တွယ်နေမိရဲ့။


မိုးရွာလို့ပွင့်တဲ့ပန်း၊

မိုးရေထဲမှာပဲ

ရင်ဘတ်တစ်စုံနဲ့…..

သူမကို

ပန်ပေးလိုက်ချင်တယ်။


မှတ်ချက်။ ။ ကျွန်တော်အချစ်ဆုံး သူမအတွက်…..

8 comments:

Anonymous said... 10:06 AM  

ဟိုက်.. ဗမာပြည်က ပြန်လာပြီးမှ ကဗျာတွေ ကောင်းပြီးရင်း ၊ ကောင်းနေတာပါလား ။ ဒီတပုဒ်လုံးကိုလည်း ကြိုက်တယ်

Anonymous said... 12:42 PM  

ဟုတ်တယ် မဂျစ်ပြောတာ ထောက်ခံတယ်။
ရန်ကုန်မှာ ဘာတွေ ဖြစ်ခဲ့လဲ မသိဘူး။

ဟဲ…ဟဲ…ဒီလိုပဲဖြစ်နေရမှာပေါ့ မဂျစ်ရယ်….

မအိမ့် မပြောပြဘူး…..အသေသတ်

Anonymous said... 1:44 PM  

တောထဲကနေ မျက်စိလည်လမ်းမှားပြီး ဒီကိုရောက်လာတယ်..
ကဗျာက မိုက်တယ်ဗျာ.. မိုးရေထဲမှာ တစ်ခါလောက် ရူးကြည့်ပါလား.. =)

မိုးရေထဲမှာတော့ မရူးပါရစေနဲ့… Woodbridge ရောက်သွားမှ ဟုတ်ပဖြစ်နေဦးမယ်…

beautiful rain !!! :D
It's so nice to read this poem while it's raining outside..

အိသူကို ကဗျာတဲထဲမှ ကြိုဆိုပါတယ်ဗျာ...

hi
actually I don't like that kind of poems,
but I like it. so easy to feel in the rainning.

Post a Comment