လေးထောင့်စပ်တဲ့အပြုံးတစ်ခု

ဖန်သားပြင်ပေါ်က ပြုတ်ကျ

အားလုံးလှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြပြီ။


မျက်ရည်တုနဲ့ရောစပ်ထားတဲ့

အပေါစားငိုချင်း

ဟိုသတင်း နောက်မှာပါလိမ့်မယ်။


အတုတွေထဲမှာ ပျော်နေရတဲ့ကျွန်တော်

အစစ်ကိုတောင် အတုလို့ထင်မိ

ဂရုမပြုခြင်းနဲ့ အရှက်ဖြေပါရစေ။


မျက်နှာဖုံးတွေချွတ်ကြ

မျက်နှာဖုံးတွေကျွတ်ကြ

ဘဝဇာတ်ခုံပေါ်မှာ

ဝရုန်းသုန်းကား

သူတို့ကိုယ်တိုင်

လုံးပါးပါးနေတာကိုတော့ မသိ...


ဒီမှာ....

အပေါ်ယံအရေပြားကိုခွာချ

လောကကြီးကို လှလှပပ ပြုံးပြလိုက်စမ်းပါ

ဖိုက်...

ဖိုး...

သရီး...

တူး...

ဝမ်း...

2 comments:

အဲဒီလို ဖိုက် ..ဖိုး .. သရီး .. တူး .. ၀မ်း ..အော် ပြီးပြုံးခိုင်းမှတော့..

လုပ်ပြုံးကြီး ပြန်ဖြစ်သွားမှာပေါ့. ..
ဟုတ်တယ်ဟုတ်?

Anonymous said... 2:35 PM  

ဒါလေးကို ကြိုက်လွန်းလို့ ၊ လင့်ခ်လေး မှတ်ထားတယ် ။

Post a Comment