တစ်ယောက်က လက်ဖဝါးဆို...
တစ်ယောက်က လက်ဖမိုး...
ဒီလိုမို့ လောကမှာ
ဘယ်သူ့ဘယ်သူမှ
မတူတာကိုး။
တစ်ရွာလုံးနဲ့တစ်ယောက်မကလို့....
တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်ဖြစ်ပစေ၊
လွှင့်ပစ်လိုက်မယ် မိုးခါးရေ…
သူများပဒိုင်းသီးစားလို့
ခင်ဗျားလိုက်စားရင်၊
အရူးတွေက ကဲ့ရဲ့လိမ့်မယ်...
ဆရာလုပ်ချင်လား...
သွားလိုက်ပါ စာသင်ကျောင်း၊
ဒါဘဝကွ
ငါ့နှလုံးသားနဲ့ငါ ကျောင်းမယ်....
ပုစ္ဆာမတွက်ခင်
အဖြေကြည့်တဲ့လူကို ငါမုန်းတယ်။
အဲလိုပဲ....
ဘာမှန်းမသိခင် တဆိတ်
နိဂုံးမချုပ်ချင်ပါနဲ့...
အသက်အရွယ် ပညာအရည်အချင်း
အလုပ်အကိုင် ငွေကြေးချမ်းသာ...
ဒီ ပညတ်ချက်တွေထဲက ရုန်းမထွက်နိုင်ရင်
ရုန်းလိုက်ဦးပေါ့ ဦးနှောက်နွံ
လှုပ်လေ မြှုပ်လေပဲပေါ့...
ပတ်ဝန်းကျင်ကြောင့် ရှင်နိုင်သလို၊
ပတ်ဝန်းကျင်ကြောင့် သေနိုင်တယ်။
ကဲ...
ငါကတော့ ပြိုင်မြင်းကို
ဇက်ဖြုတ်လိုက်တော့မယ်။
ကြိုက်တဲ့လူ ကြိုက်လိုလောင်းကြ....
ငါ့ရာဇဝင်....
ငါ့လက်နဲ့ပဲထွင်းမယ်။
3 comments:
ဒါပေမယ့် ကိုဒီဝိုင်းရယ်……..
း)
း)
အင်း.. ပေါက်ကွဲချက်တွေ ပေါက်ကွဲနေလိုက်ပုံများး)
ဒီလိုပါပဲဗျာ...တစ်ခါတစ်လေတော့လည်း ဖြစ်ချင်တိုင်းမဖြစ်ရဘူး
Post a Comment