ကျွန်တော်လိုချင်တာ

အမုန်းမပါတဲ့ မုန့်တစ်ခု

ကျေးဇူးပြုပြီး

ပန်းသီးတစ်စိတ်လောက်ထည့်ပေးပါ။


လောင်မြိုက်ခြင်း မီးမကင်ပါနဲ့

အပြုံးပွင့်တွေရယ်

စတော်ဘယ်ရီတစ်လုံးဆိုလည်း

ဘဝတစ်နပ်စာ ဖူလုံပါတယ်။


ချို....အီ....မွှေး.... စိမ့်

မှုတွေမလိုပါဘူး

လက်တွေ့ကျတဲု့

ခါးသက်ခြင်းဆိုလည်း

မြိန်ရှက်စွာ သုံးဆောင်ပါရစေ။


ပိုတာကို

အလုံခြုံဆုံး

ရင်ဘတ်သေတ္တာထဲထည့်

တမြေ့မြေ့

ရှိုက်သုံးပါရစေ။

4 comments:

ဒီကဗျာလေး ရှိးရှင်းပြီး လှတယ်
နောက်ပြီး `ဘ၀ တစ်နပ်စာ´ ဆိုတဲ့ စကားလုံး ကိုကြိုက်တယ်..
စာလုံးတိုင်းက လည်း အဓိပ္ပါယ်ပေါ်သလို
ကဗျာတစ်ပုဒ်လုံး ကလည်း ဆက်စပ်ပြီးခံစားလို့ရတယ် ..
အဲဒီ့ကဗျာလေး ကြိုက်တယ် ..
^.^

သူပြောတဲ့ recipe နဲ့ မုန့်လုပ်တတ်တဲ့ ချစ်သူတစ်ယောက်ရပါစေရှင် :p
ရပြီးသားဆိုယင်တော့ရှယ်ပဲ :D

Anonymous said... 10:30 AM  

လာစားသွားတယ်.. စက်စက်ရေ..

Anonymous said... 6:38 PM  

ဖတ်ရင်းနဲ့ ဗိုက်ဆာလာလို့  ရေခဲသေတ္တာလေးလှပ်ပြီး လွန်ခဲ့တဲ့ တပတ်လောက်က သိမ်းထားတဲ့ ပေါင်မုန့် လေးကြည့်လိုက်တော့ မှိုတက်သွားပြီ…. ၀မ်းနည်းလိုက်တာ….။

အိရေ... အိကြိုက်တယ်ဆိုလို့ ပျော်မိပါတယ်

ဒီမိုရေ... အပီကိုသာ တီး

မလေးမရေ ဝမ်းမနည်းပါနဲ့ အဆိုးထဲကအကောင်းလုပ်နည်းပေါ့...

မှိုတက်ပေမယ့် အပျိုမပျက်သေးတဲ့ပေါင်မုန့်ကို
ထောပတ်သုတ် မီးကင်
ပြီးရင် မငြီးအစဉ် ဖီးဝင်ကာစား
ပါလေတော့ဗျား...

Post a Comment