အစကတော့ ကျွန်တော်လည်း
သူလိုငါလို လင်း လင်းနေခဲ့တာ...
ကဗျာ ဆိုတာ
ဒီလောက် မှော်အောင်မယ် မထင်ဘူး။
ကဗျာ မဆန်ဘူးလား....
ဘယ်သူတွေများ ထွင်ခဲ့ပါလိမ့်....
ကျေနပ်နှစ်သိမ့်စရာ။
ခံစားချက်တွေကို စကားလုံးအဖြစ်ပြောင်း
ချောင်းလှလှလေးပေါ်မှာ ဆောက်ထားတဲ့
တံတား
နာမည်က “ကဗျာ” တဲ့
ကျွန်တော်တို့
အနုပညာ
တစ်ဖက်ကမ်းကို ချောချောမွေ့မွေ့
ကိုင်းညွတ်လို့။
ခံစားသမျှကို အန်ထုတ်တာ
ပျော့ညံ့သတဲ့လား
ဟိုမှာ....
မြဝတီမင်းကြီး ဦးစက
ခင်ဗျားကို
ပြုံးပြနေတယ်။
ကဗျာ မှတ်ကျောက်မှာသွေး
“မြိ” ကနဲမြည်အောင်
ချွန်မြ
ဓားသွားက
သံမဏိဆိုတာတွေကို ဖြတ်ပြလိမ့်မယ်။
ဦးနှောက်မရှိတဲ့လူ က
မခမ်းနား
ခံစားမှုမရှိတဲ့ ဦးနှောက်
ယန္တားရားဆန်ဆန်
နွမ်းလျရပြန်တယ်။
လက်နှစ်ဘက်နဲ့ ပန်းပုထုသလို
ခံစားမှုနဲ့ ကဗျာတစ်ပုဒ်
အသက်သွင်းမိ....
ငါ့.....အဇ္ဈှတတစ်ခုလုံး လင်းနေခဲ့ရပေါ့။
1 comments:
အဓိပ္ပါယ်လှတယ်..
ဟီး.. မီးပျက်ယင် ကဗျာထိုင်ရေးမှပဲ :p
Post a Comment