ကျွန်တော်ဟာ တောက်တဲ့တစ်ကောင်ပါ။


သစ်ပင်ထက်မှာမဟုတ်ပဲ

ပိုးဟပ်တစ်ကောင် ရဲ့ နှလုံးသာမှာမှ တွယ်ကပ်ချင်နေတော့ခက်တယ်။


မျက်ဝန်းနက်နက်တွေကြား ညတွေတိုင်းမှာ ပျော်မြူးချင်သလို

မနက်ခင်း ဆံနွယ်တွေကြား အနမ်းတွေကို သိမ်ဆည်းထားချင်တဲ့ကောင်ပေါ့။


သူမရဲ့ ရီသံလွင်လွင်တွေကိုကြားတိုင်း တီးလုံးအမှတ်နဲ့ လိုက်ကချင်တဲ့ကောင်

သူမ အပြုံးတွေများ တွေ့လိုက်ရရင် ကျွန်တော့် တောအုပ်တစ်ခုလုံး စိမ်းလန်းသွားလို့ပေါ့။


အူကြောင်ကြား တောက်တဲ့တစ်ကောင်ရဲ့ ရင်ဘတ်ထဲမှာလည်း ရထားတစ်စင်းရှိတယ်

သူမကတော့ ပြုံးနေမလားပဲ...


သေချာတာကတော့ မိုးကြိုးပစ်တဲ့အချိန် ကျွန်တော်ကိုယ်တိုင် ပြာမှုန်ဖြစ်သွားမှပဲ

သူမရဲ့ နှလုံးသားပေါ်ကနေ ကွာကျတော့မယ် ထင်ပါရဲ့။


မယုံမရှိနဲ့

အဲဒီလောက်အထိ ပိုးဟပ်တစ်ကောင်က ဆွဲငင်အားကောင်းလေရဲ့။

5 comments:

Anonymous said... 12:42 PM  

ဟိုက်ရှားပါး.. သိပ်ကြိုက်တယ်..

အဲ.. ပိုးဟပ်ဆိုတဲ့ အသုံးအနှုံန်းက လွဲလို့ပေါ့ကွယ် အဟား ။

ပိုးဟပ်ဆိုတော့ အခန်းထဲ ပျံပြီး ၀င်၂လာတတ်တဲ့ ပျံတတ်တဲ့ပိုးဟပ်ကို သတိရ.. ရင်ထဲ တမမး)

တောက်တဲ့ကပ်လိုက်ရင် ပိုးဟပ်ကပြားသွားမှာပေါ့… ညှာ၂တာ၂လုပ်ပါ ကိုဒီဝိုင်းရယ်…။

ခက်ခက်ခဲခဲတွယ်ကပ်တဲ့ တောက်တဲ့
ရထားကြီးမြိုထားတဲ့ တောက်တဲ့
အော်.. မိုးခေါ်တဲ့ တောက်တဲ့..

Anonymous said... 4:08 PM  

ဆရာဒီဝိုင်းရဲ့ ပိုးဟပ်က..
ဟိုနေ့ နံနက်စောစောက ဘတ်စ်ကားပေါ်က ပိုးဟပ်များလား?
ဟွန်းဟွန်း
ပိုးဟပ်နှင့် တောက်တဲ့တို့ အဆင်ပြေကြပါစေသတည်း။

မဂျစ် ကျွန်တော် ပိုးဟပ်တစ်ကောင် လွှတ်လိုက်မယ် ညကျရင် မဂျစ်အခန်းထဲကို... ဟီး

မလေးမ.. ပိုးဟပ်က တောက်တဲ့ထက်တောင်မှ အကောင်ကြီးသေးတယ်ဗျ...

ကိုတက်စ်...ဟုတ်တယ်ဗျာ...ခက်ခက်ခဲခဲ တွယ်ကပ်နေရတယ်... ရထားမြိုထားတာကလည်း ခိုးလိုးခုလုနဲ့...သူမကိုတောင် ခေါ်လို့မရတာ...မိုးဆိုရင်တော့ ဝေလာဝေး...

မအိမ့်...မပြောပြဘူး..အသေသတ်..း) ဆုတောင်းလေးအတွက်ကျေးဇူးပါ...း)

Post a Comment